ဗုဒ္ဓဘာသာ ကို ယုံကြည်ကိုးကွယ်‌သောပအိုဝ်းတိုင်းရင်းသား

By Pa'O Ethnic Nations - PEN
Fri, 22-Nov-2019, 12:43

မေး >> ပအိုဝ်းတိုင်းရင်းသားတို့ရဲ့ နေထိုင်ရာအရပ်များကို သိချင်ပါတယ်..?။

‌ဖြေ >> ဟုတ်ကဲ့။ ကျွန်ုပ်တို့သိသလောက် ပြောရမယ်ဆိုရင်
              ကျွန်ုပ်တို့ ပအိုဝ်းတိုင်းရင်းသားတို့၏ နေထိုင်ရာဒေသများမှာ
               ‌ထေရဝါဒ ဗုဒ္ဓဘာသာ တည်ရှိရာအရပ်များကို
               ကျွန်ုပ်တို့ ပအိုဝ်းတိုင်းရင်းသားများ တည်ရှိနေထိုင်ကြပါတယ်။
ဘာကြောင့်လဲဆိုတော့ - ကျွန်ုတို့ ပအိုဝ်းလူမျိူးဟာ ထေရဝါဒဗုဒ္ဓဘာသာပွင့်တော်မူ
ကတဲ့က ကျွန်ုပ်တို့ပအိုဝ်းလူမျိူး ဗုဒ္ဓဘာသာ တမျိူးကိုပဲ ကြည်ညို ‌ယုံကြည်တယ်။
ဗုဒ္ဓအဆုံးအမကို လိုက်နာကျင့်သုံးကြပါတယ်။ဟုတ်။

@K N
Pa'O ethnic nations

ပအိုဝ်းလူမျိုး၏ကိုးကွယ်ယုံကြည်မှု့
.....
ပအိုဝ်းလူမျိုးအားလုံးနီးပါးသည် ထေရဝါဒ ဗုဒ္ဓဘာသာ၀င်များဖြစ်ကြပြီး လူဦးရေ၏ ၁% ထက်မကျော် ခရစ်ယာန်ဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။ သို့သော်လည်း ပအိုဝ်းရွာတိုင်းလိုလိုသည် “သာသနာ” ခေါ် ရွာစောင့်နတ်စင်ကို ရွာဦးတွင်တည်ထားကြသည်။ ၎င်းကို ပအိုဝ်းတိုင်းရင်းသားတို့က ကြက်၊ ၀က်နှင့် အရက်သေစာများဖြင့် ပူဇော်ပသခြင်း မပြုကြပေ။
Paoh ethnic nations

ပအိုဝ်းလူမျိူးနှင့် ဗုဒ္ဓဘာသာ
.....
လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ပအိုဝ်းလူမျိုးသည် ဗုဒ္ဓဘာသာကို သက်၀င်ယုံကြည်ကြသည်။ ဂေါတမမြတ်စွာဘုရား သက်ရှိထင်ရှားချိန်တွင် သူရိယစန္ဒာ မင်းအုပ်စိုးခဲ့သော သု၀ဏ္ဏဘုမိသထုံပြည်ကြီးကို ဗုဒ္ဓဂေါတမမြတ်စွာဘုရားက ကြွရောက် လာခဲ့သည်။ ထိုအချိန်တွင် သထုံပြည့်ရှင် သူရိယစန္ဒာမင်းက ရွှေစာရံစေတီတော်ကို စတင် တည်ထားကိုးကွယ်ခဲ့သည်။ ထိုအချိန်မှစ၍ ပအိုဝ်းလူမျိုးတို့သည် ဗုဒ္ဓဘာသာကို ခေတ် အဆက်ဆက်ဖြင့် ထိန်းသိမ်းလာခဲ့သည်။ ပအိုဝ်းရွာတိုင်းလိုလိုသည် ကြီးကျယ်ခန်းနား သော ဘုန်းတော်ကြီးကျောင်းများတွေ့ရပြီး မြန်မာနိုင်ငံတွင် ထင်းရှားကျော်ကြားသော ဗုဒ္ဓသာသနာပြုပုဂ္ဂိုလ်များအနက် ရွှေရောင်ပြဆရာတောဦးအုန်းခိုင်၊ အလံတရာဆရာတော် ဦးစန္ဒနဝံသ၊ သမညဆရာတော် ဦးဝိနယတို့သည် ပအိုဝ်းမိဘနှစ်ပါးမှ ဖွားမြင်လာသော ပုဂ္ဂိုလ်မြတ်များဖြစ်သည်။
Paoh ethnic nations

ဘာသာရေး ယုံကြည်မှု (Religion beliefs)
...............................................
ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် အဓိကကျသည့် ရိုးရာယဉ်ကျေးမှုများကတော့ ရှင်လောင်းပွဲခေါ် (ပွယ်သျင်လောင်)၊ နှင့် မီးပဒေသာလှည့်လည်ပူဇော်ပွဲတို့ဖြစ်ကြပါသည်။ ရှင်လောင်းပွဲကျင်းပသည့်အချိန်များကတော့ တန်ခူး ကဆုန်လ အများစု အလုပ်များနားသည့်လမှာ ရွာလုံးကျွတ်ဖြစ်စေ၊ လေးငါးရွာပေါင်းသည်ဖြစ်စေ၊ ခရိုင်အလိုက်ဖြစ်၊ မြို့ပေါ်ကဆိုရင် ရပ်ကွက်များအားလုံးကို စုပေါင်းပြီး ရှင်လောင်းအရေအတွက် ငါးဆယ်မှ တစ်ရာ နှစ်ရာအထိကျင်းပတတ်ကြပါသည်။ တစ်ဦးတစ်ယောက်တစ်ပိုင် တစ်နိုင်အနေဖြင့် ကျင်းပလေ့မရှိကြပါ။ ရှင်လောင်းပွဲကျင်းပသည့်အခါ ရှင်လောင်းထိန်း၊ ထမင်းဧည့်ခံကျွေးမွေးသူများအနေဖြင့် မိမိတို့တာ၀န်ကျရာ အလှည့်ကျ တာ၀န်သိ ရွာလုံးကျွတ် ကူညီလုပ်ဆောင်ပေးကြသည့်အလေ့မှာ ပအိုဝ်းတိုင်းရင်းသားများအတွက် ထင်ရှားစေသော အဓိကယဉ်ကျေးမှုတစ်ခုလည်းဖြစ်ပါသည်။  (ပအိုဝ်းရိုးရာယဉ်ကျေးမှုနှင့်အညီ ကျင်းပသည့် ရှင်လောင်းပွဲတော်အကြောင်း ကျနော်ရေးခဲ့ပါပြီ)။

နောက်တစ်ခု မီးပဒေသာလှည့်လည်ပွဲကတော့ သြဂုတ်လကနေ အောက်တိုဘာလအထိ (တော်သလင်းလကနေ တန်ဆောင်မုန်းလ အထိ) မီးပဒေသာလှည့်လည်ပူဇော်ပွဲ (မေးဗို) ကို ရွာတိုင်းမှာ မိမိတို့ရွာဦးဘုန်းကြီးကျောင်းမှာဖြစ် ရွာဦးဘုရားစေတီမှာဖြစ်စေ အပျို လူပျို လူငယ်များက အဓိကဦးဆောင်ပြီးကျင်းပတတ်ကြပါတယ်။ ကျင်းပသည့်နေ့ရက်တွေကတော့ လဆန်း ၈ရက်၊ လဆုတ် ၈ရက်၊ လပြည့် လကွယ်၊ ဥပုသ်အဖိတ်နေ့ညတွေမှာ ကျင်းပတတ်ကြပါတယ်။ မီးပဒေသာကိုတော့ ရောင်စုံစက္ကူများအသုံးပြုပြီး ဝါးများ၊ သစ်သားများကို ကိုင်းများအဖြစ်သုံးပြီး မိမိတို့လှမယ်ထင်တဲ့ ပုံစံများဖြင့် ဖန်တီးပြီး လှည့်လည်ပူဇော်ကြပါတယ်။ အထူးသဖြင့် တောင်ကြီးမြို့မှာ သီတင်းကျွတ်လပြည့်နေ့ည၊ တန်ဆောင်မုန်းလပြည့်နေညမှာကျင်းပသည့် မီးပဒေသာလှည့်လည်ပူဇော်ပွဲဇော်ပွဲတော့ ပြိုင်ပွဲအသွင်ဆောင်ပြီး သူ့ထက်ငါလှပအောင် ပုံစံအမျိုးမျိုးဖြင့် အမျိုးသားယဉ်ကျေးမှုလက္ခဏာတစ်ရပ်အနေဖြင့် ပူဇော်ကြပါတယ်။
ယုံကြည်ကိုးကွယ်မှုအနေနဲ့ကတော့ ရှေးပဝေသဏီကတည်းက သု၀ဏ္ဏဘူမိ သထုံပြည်နေစဉ်ဆင်ကပင် ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ခဲ့ကြသည်မှာ ယခုထိတိုင်ပင်ဖြစ်သည်။ ခရိယာန်ဘာသာ ယုံကြည်ကိုးကွယ်သူများလည်း ရှိသည်ဟုလည်း သိရပါသည်။ အထူးသဖြင့် အခါကြီးရက်ကြီး၊ ဝါတွင်းသုံးလ မဟုတ်သည့် လပြည့်လကွယ် ဥပုသ်နေ့တွေမှာ အလုပ်များပိတ်ပြီး စုပေါင်း ကျောင်းတက်ကြသည်မှာ အခြားသူများထက် ဘာသာတရားကို ပိုအလေးထားတာကို ပြနေပါသည်။ ဝါတွင်းသုံးလ ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်ကာလများမှာတော့ ဘုန်းကြီးကျောင်းများနှင့် ဇရပ်များတွင် သီတင်းသီလဆောက်တည်သူများဖြင့် ပြည့်ကြပ်နေတတ်ကြသည်။ ထိုအခါမျိုးမှာ သက်ဆိုင်ရာ ကျောင်းဒကာများမှာ ရွာလုံးကျွတ် အလှည့်ကျတာ၀န်ဖြင့် သွမ်စာဂခေါ် အလှည့်ကျဆွမ်းချက်ပြီး သံဃာတော်များနှင့် ဥပုသ်ဆောက်ကြသည့် ဥပုသ်သည်များရော ကျောင်းတက်ကြသည့် ဧည့်သည်များအားလုံးတို့ ဆွမ်းခဲဘွယ်စသည်တို့ဖြင့် လှူဒါန်းသည့် အလေ့အထကောင်းများလည်း ခုထက်ဂုဏ်ယူ၀င့်ကြွားစွာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပါသည်။
Paoh ethnic nations

ရွာစောင့်နတ်စင်
........
ရွာဦးတွင် ရွာစောင့်နတ်စင် တည်ထားရသည့်အကြောင်းကား သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာ၀င်တို့၏ အဘိဓမ္မာအခါတော်နေ့ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် တာ၀တိံသာနတ်ပြည်မှ လူ့ပြည်သင်္ကာဿနဂိုရ်ပြည်သို့ ဆင်းကြွတော်မူသော ဘုရားရှင် အားနတ်ဗြဟ္မာတို့က လိုက်ပါပို့ဆောင်ပူဇော်လာကြကုန်၏။ ထိုကြောင့် ဗုဒ္ဓဘာသာ၀င် ပအိုဝ်းတိုင်းရင်းသားတို့သည် လူ့ပြည်လူ့ရွာသို့ ဆင်းသက်ကြွရောက်တော်မူလာသော ဘုရားရှင်အား ရည်မှန်းလျက် သီတင်းကျွတ်လပြည့်နေ့ နံနက်အာရုဏ်တက်ချိန်တွင် ဆွမ်းတော်ကြီးနှင့် ရောင်စုံဆီမီးများဖြင့် ထွန်းညှိပူဇော်လှူဒါန်းကြသည်။ မြတ်စွာဘုရားရှင်အား ပို့ဆောင်လိုက်ပါလာသော နတ်ဗြဟ္မာတို့ကို ရည်မှန်းပြီး မိမိတို့ရွာဦးရှိ “သာသနာ” ခေါ် ရွာစောင့်နတ်စင်ကို ဖယောင်းဆီမီး၊ အမွေးနံ့သာမီးများနှင့် ခဲဖွယ်ဘောဇဉ်များတို့ဖြင့် ပသလှူဒါန်းကြသည်။ ပအိုဝ်းတို့ခေါ်ဝေါ်သုံးနှုန်းသည့် “သာသနာ”ကို ထောက်လျှင် “ရွာစောင့်နတ်” အဖြစ်ထက် “သာသနာ” စောင့်နတ်အဖြစ် ရည်မှန်းဟန်ရှိသည်။

Crd - https://www.facebook.com/100039480843876/posts/143283916997636/
@ K N တင်ဆက်ပါသည်
Paoh ethnic nations

Related Updates

This site was designed with Websites.co.in - Website Builder

IMPORTANT NOTICE
DISCLAIMER

This website was created by a user of Websites.co.in, a free instant website builder. Websites.co.in does NOT endorse, verify, or guarantee the accuracy, safety, or legality of this site's content, products, or services. Always exercise caution—do not share sensitive data or make payments without independent verification. Report suspicious activity by clicking the report abuse below.

WhatsApp Google Map

Safety and Abuse Reporting

Thanks for being awesome!

We appreciate you contacting us. Our support will get back in touch with you soon!

Have a great day!

Are you sure you want to report abuse against this website?

Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support

;